SUNDAY, JANUARY 6, 2013
ကြို ဆို ရ မဲ့ K N U အ တွင်း ရေး မှုး အ သစ် ရဲ့ နိုင် ငံ ရေး အ ခြေ ပြ
မေး မြန်း မှု ပါ။ အ ပြော နဲ့ လက် တွေ့ ညီ မ ညီ ကို စောင့် ကြည့် ရ ပါ
လိမ့် မယ်။
KIC – ၁၅ကြိမ်မြောက် ကွန်ကရက်အပြီးနောက်ပိုင်း ကေအဲန်ယူရဲ့
ရပ်တည်ချက်နဲ့ ရှေ့ဆက် ဦးတည်ဆောင်ရွက်မဲ့ လုပ်ငန်းစဉ် တွေကို
ပြောပြပေးပါလား။
ပဒိုစောကွယ်ထူးဝင်း – စည်းလုံးညီညွတ်မှုဟာ ကျနော်တို့
ရှေ့ဆက်လုပ်ငန်းစဉ်အတွက် အရေးကြီးဆုံးဖြစ်တယ်။ ကျနော်တို့ မြန်မာနိုင်ငံ
အစိုးရအနေနဲ့လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနဲ့ အမျိုးသား ပြန်လည်
သင့်မြတ်ရေးတွေကိုလည်း လုပ်မယ်။ ဒါတွေဟာ မရှိမဖြစ် ရှိသင့်တဲ့အရာဖြစ်တယ်။
ဒါတွေအားလုံးဟာ ပြည်သူလူထုအတွက် အကျိုးသက်ရောက်မှု ရှိရမယ်လို့ ကျနော်တို့
ယုံကြည်ထားတယ်။ ရှေ့ဆက် အမျိုးသမီးပါဝင်မှုမှာလည်း ဦးဆောင်မှုကော၊ ပူးပေါင်း
ဆောင်ရွက်မှုပါ ကျနော်တို့ မြှင့်တင်ပေးဖို့ လိုတယ်။ ဒီအတိုင်းပဲ
ကျနော်တို့ဟာ ကိုယ့်ပြည်သူလူထု အခွင့်အရေးအတွက် ဦးဆောင်သွားမယ့်
အဖွဲ့အစည်း ဖြစ်တယ်။ ကျနော်တို့ ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်မှာဆိုရင်
အခက်အခဲများစွာ ရင်ဆိုင်နေကြရတဲ့ မြန်မာနိုင်ငံအတွင်းမှာ
ကရင်လူမျိုးတစ်ခုတည်းမဟုတ်ဘဲ အခြားတိုင်းရင်းသားတွေ၊
ဒီမိုကရေစီအဖွဲ့အစည်းတွေနဲ့လည်း ရှေ့ဆက် လက်တွဲပြီး အတူ
လုပ်ဆောင်သွားကြရမှာ ဖြစ်တယ်။ နောက်တခုကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေး
နည်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ရ မှာ ဖြစ်တယ်။
ဒီနိုင်ငံရေးပြဿနာများကို ဆွေးနွေးညှိနှိုင်းလို့မရသရွေ့ ကျနော်တို့
လက်နက်တွေကတော့ ကျနော်တို့လက်ထဲမှာ ပဲ ထားရှိရဦးမှာပါ။ နောက်တခုက လာမဲ့
ဗဟိုကော်မတီ အစည်းအဝေးမှာ ကျနော်တို့ လူ့အခွင့်အရေး ကော်မရှင်
ဖွဲ့သွားဖို့ရှိ တယ်။ ဒါက ပြည်သူလူထု အခွင့်အရေးတွေ ကို
ကာကွယ်နိုင်ဖို့အတွက်ပါပဲ။ ဘာဖြစ်လဲဆိုတော့ ပြည်သူလူထု အခွင့်အရေးတွေ ကို
ထိခိုက်အောင်လုပ်တာ အစိုးရတစ်စုထဲ မဟုတ်ပါဘူး။ တခါတလေ
ကိုယ့်အဖွဲ့အစည်းတွေမှာလည်း လုပ်တာ ရှိတယ်။ ဒီအ ခြေအနေတွေဟာ ကျနော်တို့
ဗဟိုကော်မတီအဖွဲ့ဝင်ကနေတဆင့် ကော်မရှင်ကို တင်ပြလာမှာ ဖြစ်ပါတယ်။
KIC – ရှေ့ဆက် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်ပြီး
ပြန်တက်လာတဲ့ ကေအဲန်ယူခေါင်းဆောင်သစ်တွေ ဦးဆုံး အစီအစဉ်
ဘယ်လိုရှိထားပါသလဲ။
ပဒိုစောကွယ်ထူးဝင်း – အခုလက်ရှိမှာက ငြိမ်းချမ်းရေး
တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီးတော့ သေသေချာချာ ဆွေးနွေးတာ
ဘာမှမရှိသေးပါဘူး။ ဒီအပစ်ခတ်ရပ်စဲရေးတခုပဲ ရှိသေးတာ။ အဲဒါတောင်
ထိထိရောက်ရောက် မဟုတ်သေးဘူး။ လိုက်နာရ မယ့် စည်းကမ်းသတ်မှတ်ချက်တွေပဲ
အစိုးရက သဘောတူထားသေးတာ။ ဒါကို အခြေခံပြီး စစ်မှန်တဲ့ အပစ်ခတ်ရပ်စဲရေးကို
အသေအချာ တည်တံ့ခိုင်မြဲသွားအောင် လုပ်ဆောင်သွားရမှာပါ။ ကျနော်တို့သဘောထားက
စစ်မှန်တဲ့အပစ်ခတ်ရပ်စဲရေး ခိုင်မြဲ အောင်လုပ်ပြီး ဆက်ပြီး
နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးကို လုပ်သွားမယ်။ နိုင်ငံရေးအရ
တွေ့ဆုံဆွေးနွေးတာ ကို ကျနော်တို့ ကရင် လူမျိုးပဲ မဟုတ်ဘူး၊
အခြားသောတိုင်းရင်းသားတွေလည်း ပါဝင် သွားရမှာဖြစ်တယ်။ ဒါ အစကနဦးကနေ
သဘောထား ခံယူချက် ထားရှိထားတဲ့အတိုင်း ကျနော်တို့ရှေ့ဆက် သွားမှာဖြစ်တယ်။
တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်တဲ့ Road Map အဆင့် ၄ဆင့်က တော့
အခြေခံဖြစ်တာမို့ ချထားတဲ့ လမ်းစဉ်အဆင့်အတိုင်း သွားရမှာပဲ ၁။
အပစ်ခတ်ရပ်စဲရေး ၂။ခိုင်ခိုင်မာမာဖြစ်လာရေး ၃။နိုင်ငံရေးအရ တွေ့
ဆုံဆွေးနွေးရေး ဒီအဆင့်တွေအားလုံး အဆင်ပြေ ချောမွေ့သွားပြီးမှ နောက်ထပ်
နိုင်ငံပြန် လည်ထူ ထောင်နိုင်မှာ ဖြစ်တယ်လို့ ကျနော်ယုံကြည်တယ်။
KIC – ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးနဲ့ ပတ်သက်ပြီး ကေအဲန်ယူရဲ့ သဘောထားနဲ့ အစီအစဉ်တွေ ဘယ်လိုရှိထားပါ သလဲ။
ပဒိုစောကွယ်ထူးဝင်း – ဒါကတော့ နိုင်ငံတည်ငြိမ်မှုရှိမှ၊ စစ်မီးငြိမ်းမှသာ
ဒါဟာ အဆင်ပြေမှာ။ ယခုလက်ရှိအရ ပြန်ကြည့်ရင် ကျနော်တို့ အပစ်ခတ်ရပ်စဲရေးက
အသေအချာ မရှိသေးဘူး၊ ဒါကြောင့် နိုင်ငံရေးတည်ငြိမ်အေးချမ်းမှု
မရှိသရွေ့ကတော့ တိုက် ပွဲတွေ ပြန်ဖြစ်နိုင်တယ်။ ဒါကြောင့် သူတို့တွေကို
ပြန်လည်နေရာချထားဖို့ကတော့ နိုင်ငံတကာ စံချိန်စံညွန်းရှိထားတဲ့အတိုင်း
ကျနော်တို့လုပ်ရမယ်။ ပြန်မယ့်လူကလည်း သူတို့ဆန္ဒအရ ဖြစ်ရမယ်။ ပြည်တွင်း
လုံခြုံစိတ်ချရမှု မရှိသရွေ့ကတော့ ပြန်ပို့ဖို့ အစီ အစဉ်မရှိသေးဘူး။
ကျနော်တို့လည်း လက်ခံမှာမဟုတ်ဘူး။ ဒါက တကယ်ငြိမ်းချမ်းမှုရှိမှ၊
ဒုက္ခသည်တွေလည်း ဆန္ဒရှိမှ၊ နိုင်ငံ တည်ငြိမ်အေးချမ်းမှုရမှ သူတို့တွေကို
ပြန်ပို့ရမှာဖြစ်တယ်။
KIC – ပြည်တွင်းပြည်ပမှာ ရောက်ရှိနေကြတဲ့ ကရင်အားလုံး စည်းစည်းလုံးလုံးပြန်နေနိုင်အောင် ဘယ်လိုလုပ်သွားဖို့ အစီအစဉ် ရှိပါသလဲ။
ပဒိုစောကွယ်ထူးဝင်း – ဒီမေးခွန်းက ကျနော်တို့အတွက် အရေးကြီးပါတယ်။
ဘာဖြစ်လဲဆိုတော့ ယခုဆို အခြေအနေ အကြောင်း ကြောင်းကြောင့်
ကျနော်တို့လူမျိုးတွေဟာ နေရာတော်တော်များများ ရောက်ရှိနေထိုင်နေရတယ်။
သူတို့ ပတ်ဝန်းကျင် မတူကြ ဘူး။ အတွေးအမြင်လည်း ကွဲပြားကြတယ်။ ဘာပဲဖြစ်ဖြစ်
ဘယ်မှာပဲနေနေ ကျနော်ယုံကြည်တာကတော့ သူတို့မှာ ကရင်လူမျိုး ဆိုတဲ့စိတ်
ရှိကြတာပဲ။ သူတို့ကို စည်းလုံးနိုင်ရေးအတွက် ငြိမ်းချမ်းမှုရမှ
လုပ်လို့ရတာဖြစ်တယ်။ နောက် ကျနော်တို့ အားလုံး ကရင်လူမျိုးဆိုတဲ့အောက်မှာ
ရည်မှန်းချက်ကို တစ်ဆင့်ပြီးတစ်ဆင့် သွားရဦးမှာ ဖြစ်တယ်။ ဒါတွေလည်း
ပြည်တွင်းပြည်ပမှာ ရောက်ရှိနေထိုင်ကြတဲ့ ကရင်လူမျိုးအားလုံးလည်း အတူတကွ
ပါဝင်လုပ်ဆောင်ရမှာ ဖြစ်တယ်။ ငြိမ်းချမ်းဖို့အတွက် စည်းလုံး ခြင်းဟာ
အရေးကြီးတဲ့အချက်ပါပဲ။
KIC – ကရင်ဒေသတွေမှာ စီးပွားရေး၊
ဖွံ့ဖြိုးတိုးတက်ရေးတွေနဲ့ ပတ်သက်ပြီး လာပြီးချဉ်းကပ်ထားတာတွေ ရှိတော့
အနာဂတ်မှာ လုပ်ဆောင်သွားဖို့ ကေအဲန်ယူ ကွန်ဂရက်မှာ ဘယ်လိုပေါ်လစီမျိုး
ချမှတ်ထားရှိပါသလဲ။
ပဒိုစောကွယ်ထူးဝင်း – ကျနော်တို့ လူနေမှုဘဝ
အဆင့်မြင့်ဖို့ ကရင်တစ်မျိုးသားလုံး မျှော်လင့်ချက်ရှိကြတယ်။ နိုင်ငံတကာအ
ဆင့်မှီအောင် လုပ်ရမှာဖြစ်တယ်။ ဒါပေမယ့်လို့ အခုကတော့ အပစ်ခတ်ရပ်စဲရေး
ငြိမ်သက်မှုမရှိသေးဘူး။ ဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းစဉ်နဲ့ပတ်သက်ပြီး
ဘယ်လောက်ထိ ပြည်သူတွေအတွက် အကျိုးသက်ရောက်မှုရှိလဲ ၃။သဘာဝပတ်ဝန်းကျင်ကို
ထိခိုက်မှု ရှိသလား။ ပြည်သူတွေအတွက် နေရာဒေသ ထိခိုက်နိုင်သလားဆိုတာ
ကျနော်တို့လေ့လာသွားရဦးမယ်။ တစ်ခါထဲ လုပ်မယ်ဆို တာ မဖြစ်နိုင်ဘူးလေ။
ဒါနဲ့ပတ်သက်လို့ ကျနော်တို့ ကော်မတီတရပ် ဖွဲ့စည်းသွားဖို့ အစီအစဉ်ရှိတယ်။
ဒီကော်မတီရှိလာမှ စီးပွား ရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်၊ အစီအစဉ်တွေ
ချပြပြီးတော့ ပြည်သူတွေအတွက် အကျိုးရှိတဲ့လုပ်ငန်းတွေ ကျနော်တို့ ကြိုးစား
လုပ်ဆောင်ပေးဖို့ ရှိတယ်။ အဖွဲ့အစည်းတစ်ခုတည်းအတွက် မဟုတ်ဘူး။
အနာဂတ်မှာလည်း ပြည်သူတွေအတွက် အကျိုးရှိ အောင်၊
ရင်းနှီးမြှုပ်နှံသူအတွက်လည်း အကျိုးရှိအောင် လုပ်ဆောင်သွားဖို့ ရှိပါတယ်။
စီးပွားရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက် ဖို့က တော့ အတွေ့အကြုံရှိတဲ့သူ၊
နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေကို သီးသန့် ရွေးချယ်သွားမှာပါ။
KIC – ဒီအပစ်ခတ်ရပ်စဲရေးနောက်ပိုင်း ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ထားတာရှိတယ်လေ။ ဒီရုံးတွေရဲ့လုပ်ငန်းတာဝန်တွေက ဘာတွေပါလဲ။
ပဒိုစောကွယ်ထူးဝင်း – အပစ်အခတ်ရပ်စဲရေးကြောင့် ဒီဆက်သွယ်ရေးတွေ ဖွင့်ရတယ်။
ဒီရုံးတွေဟာ ကျနော်တို့အဖွဲ့အစည်းနဲ့ အစိုးရအကြား ဆက်သွယ်မှုလုပ်ဖို့
ဖြစ်တယ်။ ကျနော်တို့ ဒီလို နားလည်ထားသလို အစိုးရဘက်ကလည်း လက်ခံရမှာဖြစ်တယ်။
အခက်အခဲဖြစ်စေ၊ နားလည်လွဲမှုဖြစ်စေ နှစ်ဦးနှစ်ဘက်ကြား ရှိလာရင်
ဆက်သွယ်မှုတွေလုပ်ပြီး အသိပေးရမှာဖြစ်တယ်။ နောက် ပြည်သူ လူထုရဲ့
ခံစားချက်တွေကို တင်ပြနိုင်ဖို့အတွက်နဲ့ ပြည်သူတွေရဲ့
ဖိနှိပ်ပြုကျင့်ခံရမှုဖြစ်စေ၊ ကျနော်တို့ အဖွဲ့ အစည်းလုပ် ငန်းနဲ့
ပတ်သက်ပြီး မပြေလည်မှုတွေရှိလာသည်ဖြစ်စေ၊ အစိုးရအဖွဲ့ဖြစ်စေ၊ စစ်တပ်ဖြစ်စေ
ဆက်သွယ်နိုင်ဖို့အတွက် ဖြစ်တယ်။ ရှေ့ဆက်ပြီးတော့ ဖြစ်နိုင်မယ်ဆိုလို့ရှိရင်
ပြည်သူလူထုတွေအတွက် ဒီထက်မက လုပ်နိုင်တဲ့ အခြေအနေဖြစ်လာဖို့ကို
ကျနော်တို့ သဘောထားရှိတယ်။
KIC – ကေအဲန်ယူ ရွေးကောက်ပွဲမှာ
ခေါင်းဆောင်ဟောင်းတွေ ပြန်မပါလာတော့တဲ့အပေါ် ဝေဖန်မှုတွေ ရှိလာတာမို့
အဲဒီအပေါ် မှာ ဘယ်လိုပြောပြချင်ပါသလဲ။
ပဒိုစောကွယ်ထူးဝင်း –
ဒီရွေးကောက်ပွဲမှာ ခေါင်းဆောင်ဟောင်းတွေ ဗဟိုကော်မတီမှာ မပါဝင်တာကတော့
ကျနော်တို့ရဲ့ မဲပေး တဲ့စနစ်က ဆုံးဖြတ်ပေးတာဖြစ်တယ်။ ကျနော်တို့
ဘယ်သူ့ကိုရွေးမလဲဆိုတာကို တိုင်ပင်ခွင့်ရှိပေမယ့် မဲပေးတော့ ကိုယ့်စိတ်
ကြိုက်ကိုပဲ ပေးကြတာပါ။ တစ်ချို့ကတော့ ဒါဟာ သူ့အဖွဲ့ကိုယ့်အဖွဲ့၊
သူ့ဂိုဏ်းကိုယ့်ဂိုဏ်းတွေ ရှိနေကြတယ်လို့ မြင်နေကြ တယ်။ ဘယ်အဖွဲ့အစည်းမဆို
အမြင်တမျိုးတည်းတော့ မရှိပါဘူး။ တချို့ကိစ္စတွေကိုတော့ ကျနော်တို့
လျှို့ဝှက်မဲပေးစနစ်နဲ့ လုပ် ရတာမို့ ဒါဟာလည်း ဒီမိုကရေစီနည်းကို
ကျင့်သုံးတာပါပဲ။ နောက်တချက်ကတော့ ကျနော်တို့ စစ်ဦးစီးချုပ်ကို
ရွေးချယ်တဲ့နေရာ မှာ ကျနော်တို့ တစ်ဦးနှစ်ဦးထဲက ရွေးချယ်တင်မြှောက်တာ
မဟုတ်ပါဘူး။ တပ်မဟာမှူးတွေ အားလုံးက ၀ိုင်းဝန်းရွေးချယ်ကြတာ ဖြစ်ပါတယ်။
တချို့ခေါင်းဆောင်တွေဟာ အတွေ့အကြုံရှိတဲ့အပြင် လုပ်သက်ရင့်တဲ့
ခေါင်းဆောင်တွေဖြစ်တယ်။ ဒုတိယအချက် အနေနဲ့ သူတို့တွေရဲ့
နိုင်ငံရေးခံယူချက်နဲ့ အရည်အချင်းပါ။ အဲဒီသုံးချက်အပေါ်မှာ ကျနော်တို့
တပ်မဟာ ၇နဲ့ တပ်မဟာ ၅က ခေါင်းဆောင်တွေကို ရွေးချယ် လိုက်တာ ဖြစ်ပါတယ်။
KIC – ကေအဲန်ယူမှာ အရင်ရှိခဲ့တဲ့ အရံဗဟိုကော်မတီ ပြုတ်သွားပြီး
ဗဟိုအမြဲတမ်း ကော်မတီတခုပဲ ရှိတော့တာနဲ့ Executive Committee-EC
အဖွဲ့ဝင်တွေ ဌာနဆိုင်ရာကို မကိုင်တွယ်ဖြစ်တော့တာ ဘာကြောင့်လဲဆိုတာ နည်းနည်း
ရှင်းပြပေးပါလား။
ပဒိုစောကွယ်ထူးဝင်း – အရံဗဟိုကော်မတီဆိုတာက ဖွဲ
့စည်းပုံကနေလာတာ မဟုတ်ပါဘူး။ အဲဒါက ဗဟိုကော်မတီအတွက် အရံလူငယ်တွေကို
မြေတောင်မြှောက် လက်တွဲခေါ်ယူပြီး ဗဟိုကော်မတီအတွက် ပြင်ဆင်ထားတဲ့အနေနဲ့
အရံဗဟိုကော်မတီ တွေအဖြစ် ၁၉၈၂ခုနှစ်ကတည်းကစပြီး လုပ်လာခဲ့တာ ဖြစ်တယ်။
ဒါပေမဲ့လို့ အရံဗဟိုကော်မတီအဖွဲ့တွေက စနစ်တကျ မရှိခဲ့ ဘူး။
တချို့အရံကော်မတီတွေဟာ ဗဟိုကော်မတီထက် ပိုပြီး အလုပ်လုပ်နိုင်တာလည်း
ရှိတယ်။ ဒါကြောင့် လူငယ်တွေ အနာ ဂတ် အုပ်ချုပ်ရေးမှာ ပါဝင်နိုင်အောင်၊
အလုပ်ပိုလုပ်နိုင်အောင်လို့ အထူးအစီအစဉ်အနေနဲ့ ဗဟိုကော်မတီအဖွဲ့ကို
၄၅ယောက်ထိ တိုးချဲ့လိုက်ပြီး အရံကော်မတီကို မထားတော့တာပါ။
ဒုတိယတချက်အနေနဲ့က ဗဟိုအလုပ်အမှုဆောင်ကော်မတီနဲ့ဆိုင်တဲ့ နိုင်ငံ
ရေးကိစ္စတွေနဲ့ ဆက်စပ်တဲ့ အုပ်ချုပ်ရေးပိုင်းကိုသာ ကြီးငါးကြီးက အဓိကထား
ဦးစီးလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ကိစ္စရပ်များ အထူးသဖြင့်
စီးပွားရေး၊ စည်းကမ်းထိန်းသိမ်းရေး၊ တရားစီရင်ရေး ကိစ္စတွေကိုတော့
တခြားဗဟိုကော်မတီဝင်တွေ က လုပ်ဆောင်ပါလိမ့်မယ်။ ဒီလို တာဝန်ခွဲဝေတော့
လုပ်ငန်းမှာ ထိရောက်မှုပိုရှိမယ်လို့ ထင်ပါတယ်။
KIC – ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေအပေါ် မဟာမိတ်အဖွဲ့အစည်းအနေနဲ့ ရှေ့ဆက် ဘယ်လို လုပ်ဆောင်သွားမလဲ။
ပဒိုစောကွယ်ထူးဝင်း – ဒါကြောင့်မို့ ကျနော်တို့  အတူတကွ လက်တွဲ
လုပ်ဆောင်သွားရမှာ ဖြစ်တယ်။ ကျနော်တို့အနေနဲ့ စစ်ရေး တစ်ခုတည်းမဟုတ်ပဲ
နိုင်ငံရေးအရကော နည်းလမ်းပေါင်းစုံသုံးပြီးတော့ လုပ်ဆောင်သွားရမယ်။ အဖွဲ
့အစည်းပေါင်းစုံနဲ့ အတူတ ကွ လက်တွဲ ပူးပေါင်းလုပ်ဆောင်မှ ကျနော်တို့
ခွန်အားတွေ ရှိလာပြီး ကျနော်တို့ရဲ့ လိုလားချက်၊ တောင်းဆိုချက်တွေကို
ကျယ်ကျယ်လောင်လောင် နဲ့ တောင်းဆိုနိုင်မယ်။ လိုလားချက်၊ ရည်မှန်းချက်တွေ
ရအောင် လုပ်ဆောင် နိုင်မယ်။
KIC – ကေအဲန်ယူဟာ လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရည်မှန်းချက်ရှိပါသလား။
ပဒိုစောကွယ်ထူးဝင်း – ကျနော်တို့ဟာ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့
ဖြစ်တယ်။ ကျနော်တို့ဟာ လက်နက်ကိုင်ဆောင် ထားတဲ့သူတွေ ဖြစ်တယ်။ အစိုးရက
လုပ်မဲ့လမ်းစဉ်အတိုင်း သူတို့ ၂၀၁၅ အတွက် တစ်တိုင်းပြည်လုံး
ရွေးကောက်ပွဲလုပ်မှာပဲ။ အခုပြဌာန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို
ကျနော်တို့တော့ လက်မခံဘူး။ ဒါက တိုင်းရင်းသားတွေအတွက် ဘဝအာမခံချက်မရှိဘူး။
ကျနော်တို့အတွက် မျော်လင့်ချက်မရှိဘူး။ ဒီမိုကရေစီ အာမခံချက် အခွင့်အလမ်း
မရှိဘူး။ စစ်တပ်က စိုးမိုးနေဆဲဖြစ်တဲ့အတွက် ကျနော်တို့ လက်မခံဘူး။
ဒီဖွဲ့စည်းပုံကို မပြင်နိုင်ရင်တော့ ကျနော်တို့လူမျိုးအတွက် အာမခံချက်
မရှိဘဲနဲ့ ပါတီမှတ်ပုံတင် (
Register)လုပ်ပြီး ရွေးကောက်ပွဲကို ဝင်ရောက်ဖို့ မဖြစ်နိုင်ဘူး။